The Art of Negotiation (2025) mmsub: Season 1

Mar. 08, 2025
Your rating: 0
7 1 vote


Sanin လုပ်ငန်းစု M&A အဖွဲ့ဟောင်းမှာ အဓိကကျတဲ့ Yun Ju No ကတော့ ထုတ်ဖော်ပြောပြလို့မရတဲ့ အကြောင်းတရားတွေကြောင့် ဟာဝိုင်အီကို ထွက်လာပြီး တစ်နေ့မှာ ရုတ်တရက်ကြီး အစအနပျောက်သွားပါတော့တယ်.. ရာထူးချခံရတယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့နေပေမဲ့လည်း တကယ့် အမှန်တရားကိုတော့ ဘယ်သူမှမသိခဲ့ရပါဘူး.. အဲဒီလိုနဲ့ ၃နှစ်အကြာမှာ Sanin လုပ်ငန်းစုက ဝမ် 11 ဘီလီယံ အကြွေးတင်ပြီး ဒေဝါလီခံလိုက်ရတဲ့အခါမှာ နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ Ju No ကို ကိုရီးယားကို ပြန်ခေါ်ခဲ့ပါတယ်.. Sanin လုပ်ငန်းစုကို ကယ်တင်ဖို့က သူ့အတွက် အဓိကမစ်ရှင်တစ်ခုဖြစ်လာပြီးနောက် ကိုယ်စားလှယ် Song Jae Sik ရဲ့ အထောက်အပံ့နဲ့ M&A team အသစ်တစ်ခုကို ဖွဲ့စည်းပြီး အန္တရာယ်များတဲ့ အကြီးစားညှိနှိုင်းရေး‌လောကထဲကို ဝင်ရောက်ဖို့အတွက် အတော်ဆုံး စေ့စပ်ညှိနှိုင်းသူတွေကို စုစည်းလိုက်ပါတော့တယ်.. နောက်ဆုံးအခွင့်အရေးအနေနဲ့ အရဲစွန့်ကြိုးပမ်းပြီး ကုမ္ပဏီကို ပြန်လည်ကယ်တင်သွားနိုင်မလား ”ညှိနှိုင်းရေးနတ်ဘုရား” ဆိုတဲ့ ဂုဏ်ပုဒ်ကို ပြန်လည်ယူဆောင်ပေးသွားနိုင်မလားဆိုတာ..
ညှိုနှိုင်းရေးလောကရဲ့ နည်းပရိယာယ်အဖြာဖြာကိုပါ အသေအချာမြင်တွေ့ရမယ့် ဇာတ်ကားလေးဖြစ်ကြောင်း..

Leave a comment

Name *
Add a display name
Email *
Your email address will not be published