
ကလေးသူငယ် စိတ်ဓါတ်မြှင့်တင်ရေး အလုပ်တွေမှာ စိတ်ရောကိုယ်ပါနှစ်ထားတဲ့ ဒေါက်တာမယ်လ်ကွန်ဟာ ကလေးတယောက်ကိုကူညီဖို့ ပျက်ကွက်ခဲ့တယ်.. ဒီအလုပ်နဲ့ပါတ်သက်ပြီး စိတ်ရောကိုယ်ပါနှစ်ထားတဲ့ သူ့အတွက်တော့ ဒီပျက်ကွက်မှုဟာ သူ့ကိုယ်သူခြောက်လှန့်နေခဲ့တယ်.. သူ့စိတ်က ဒီကလေးပေါ်မှာ စွဲလန်းနေခဲ့သလို ကိုးလ် ဆိုတဲ့ ၉ နှစ်အရွယ်ကလေးတယောက်မှာ ဒီလိုစရိုက်လက္ခဏာတွေ တွေ့လာရတဲ့အခါမှာ သူဟာ ဇနီးကိုပါ တာဝန်မကျေသလို ဖြစ်ခဲ့ရတယ်.. ကိုးလ်ဆိုတဲ့ ကလေးကလည်း မွေးရာပါ တမလွန်ကလူတွေကို မြင်ရတဲ့စရိုက်တခု ပါလာခဲ့တယ်.. သူဟာဝိဉာဉ်တိုင်းကို မြင်နိုင်ခဲ့ပြီး ဒီအစွမ်းကပဲ ဒီဇာတ်လမ်းရဲ့ အဓိကမြှုပ်ကွက် ဖြစ်လာခဲ့တယ်..