What's happening?

Video Sources 241 Views Report Error

  • Stream
  • Mega 720
  • Mega 1080

Karma (2025) mmsub: 1x2

The Man Who Disposed of a Body

လူရယ်လို့ဖြစ်လာတာနဲ့ ကိုယ်မွေးဖွားလာတည်းက ကိုယ်နဲ့အတူပါလာပြီးသား ကံကြမ္မာနဲ့ ကိုယ့်ရဲ့ လုပ်ရပ်တွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ဖြစ်လာတဲ့ ကံဆိုပြီး ရှိကြတယ်မလား။ ဒီကားလေးထဲမှာလည်း ဒီလိုပါပဲ “ကိုယ်ပြုသည့်ကံ ကိုယ့်ထံ ပဲ့တင်လာလိမ့်မည်” ဆိုသလို ကိုယ်ပြုတဲ့ကံရဲ့ နောက်ဆက်တွဲ အကျိုးဆက်ဆိုးတွေကို ခံစားကြရမဲ့ ကြမ္မာတူ လူ ၆ ဦးရဲ့အကြောင်းကို ရှုစားရမှာပါ။ ပဟေဠိဆန်ဆန် မတော်တဆမှုတစ်ခုရဲ့ မျက်မြင်သက်သေဖြစ်ခဲ့ပြီး ပြန်ပြောင်းလဲလို့ မရတော့တဲ့ အပေးအယူတစ်ခုကိုလုပ်မိခဲ့တဲ့ “မျက်မြင်သက်သေ” တစ်ယောက်.. ဆရာဝန်တစ်ယောက် ဖြစ်လာသည့်တိုင်အောင် ကလေးဘဝက စိတ်ဒဏ်ရာကနေ မလွတ်မြောက်နိုင်သေးသူ “ဂျူယွန်း”.. ဘဝကြီးကို ပြောင်းလဲပစ်ချင်လို့ ငွေတိုးချေးစားတဲ့သူတွေဆီကနေ ပိုက်ဆံချေးပြီး ရင်းနှီးမြှုပ်နှံမိရာကနေ ပိုက်ဆံတွေဆုံးရှုံးလိုက်ရတဲ့ “ဒုက္ခသည်တစ်ယောက်”.. မတရားသဖြင့် အလုပ်ဖြုတ်ခံလိုက်ရပေမဲ့ တစ်ဖက်မှာကျ ပိုက်ဆံတွေပုံပေးပြီး အလုပ်တစ်ခုလုပ်ပေးဖို့ ကမ်းလှမ်းတာကိုခံလိုက်ရပြန်တဲ့ “ဂီယုံး”.. ဂန်နမ်မှာ အောင်မြင်နေတဲ့ဆေးခန်းတစ်ခုကို ဦးစီးနေရာကနေ မတော်တဆမှုတစ်ခုကို ကျူးလွန်လိုက်မိတဲ့ “မျက်မှန်နဲ့လူတစ်ယောက်” နဲ့ ရည်းစားဖြစ်သူ “ယူဂျောင်း”.. ကိုယ်စီကိုယ်စီ ဘဝပေးအခြေအနေတစ်မျိုးစီ အခက်အခဲတစ်မျိုးစီနဲ့ ဒီလူ ၆ ယောက် မွေးရာပါ ကံကြမ္မာရဲ့ အလှည့်စားခံရပြီး ကိုယ့်ပြုတဲ့ကံတွေရဲ့အကျိုးဆက်ဆိုးတွေနဲ့ရင်ဆိုင်ရဖို့ဖြစ်လာတဲ့အခါ..

Karma: 1×2
Apr. 04, 2025


Leave a comment

Name *
Add a display name
Email *
Your email address will not be published