
လက်နက်ရောင်းဝယ်ရေးနဲ့ စီးပွားဖြစ်နေတဲ့ အကောင်ကြီးကြီး အကြမ်းဖက်သမားတစ်ယောက်က သူ့မိသားစုသေဆုံးမှုအတွက် ကမ္ဘာ့ခေါင်းဆောင်ကြီးတွေကို လန်ဒန်မှာ အစီအစဉ်တကျ လုပ်ကြံမှုပြုလုပ်ပါတယ်။ တကယ်တော့ အမေရိကန်သမ္မတကို ဦးတည်လုပ်ကြံတာဖြစ်ပြီး သမ္မတအား လုပ်ကြံသတ်ဖြတ်မှုကိုလဲ တစ်ကမ္ဘာလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြသဖို့ စီစဉ်ထားတာပါ။ ကဲ မိုက်ခ်နဲ့သူ့သမ္မတတို့ကတော့ ဒုတိယအကြိမ်ထောင်ခြောက်ထဲ ရောက်ရှိလာခဲ့ပြီ.. ဘယ်လိုတွေအကြမ်းအရမ်းတွေနဲ့ သမ္မတကိုကယ်တင်ရမလဲဆိုတာ..