












Jung Hae Seong ကတော့ အမျိူးသားထောက်လှမ်းရေးဌာနမှ အေးဂျင့်တစ်ဦးဖြစ်ပြီး အမှုတစ်ခုကို စုံစမ်းရင်း ပြဿနာဖြစ်ခဲ့တဲ့အတွက်ကြောင့် ရာထူး အချခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ Go Jong ဘုရင်ရဲ့ ပျောက်ဆုံးနေတဲ့ ရွှေချောင်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းဖို့အတွက် ဗြောင်းမွန်း အထက်တန်းကျောင်းမှာ ကျောင်းသားအဖြစ် ဟန်ဆောင်ဖို့ ဖြစ်လာပါတော့တယ်။ Su A ကတော့ ကိုရီးယား သမိုင်းဘာသာရပ်ကို သင်ကြားနေတဲ့ စာချုပ်ဆရာမတစ်ဦးဖြစ်ပြီး ဖြောင့်မတ်တည်ကြည်ကာ ကျောင်းသားတွေအပေါ်မှာ စေတနာထားတတ်တဲ့သူ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဗြောင်းမွန်း အထက်တန်းကျောင်းကို ပြောင်းဖို့ဖြစ်လာခဲ့ပြီး Jung Hae Seong ရဲ့ အတန်းပိုင်ဆရာမ ဖြစ်လာခဲ့ပါတယ်။ သူ့ ငယ်ဘဝရဲ့ အချစ်ဦးနဲ့ တူနေတဲ့ Jung Hae Seong ကို တွေ့လိုက်တဲ့ အခါမှာတော့.. သူတို့နှစ်ဦး ဘယ်လိုဆက်ဖြစ်ကြမှာလဲ.. Jung Hae Seong ကရော သရုပ်မှန်ကိုဖုံးကွယ်ပြီး အဆုံးထိ စုံစမ်းသွားနိုင်မှာလားဆိုတာ..