
Gulf war လို့ခေါ်တဲ့ ကူဝိတ်ကို အီရတ်က ကျူးကျော်မှုမှာ အမေရိကန်ရဲ့ ဝင်စွက်ဖက်မှုအပြီးကို ဇာတ်လမ်းအချိန်အရ အခြေခံထားပါတယ်။ George Clooney က အနားယူမယ့်ဗိုလ်မှူး၊ Mark Wahlberg က အိမ်မှာမွေးစကလေးရှိလို့ စီးပွားရေးအရ ခိုင်ချင်တဲ့ဆာဂျင်၊ Ice Cube က ရဲဘော်တွေကို စိတ်မချလို့လိုက်မယ့်လူ၊ Spike Jonze ကတော့ Mark Wahlberg လိုဖြစ်ချင်တဲ့ အူကြောင်ကြောင်ဘဲလေး။ စစ်ကားဆိုပေမဲ့ အထက်အမိန့်ပဲနာခံပြီး အမြဲ ကိုယ်ကျိုးစွန့်တဲ့သူရဲကောင်းတွေအဖြစ် ဇာတ်ကောင်တွေကိုပုံမဖော်ထားဘူး။ လိုချင်တောင့်တမှုကိုယ်စီနဲ့ “ငါသာဆိုလည်း ဒီလိုနေမှာ” လို့ ထင်ဟပ်မိစေမယ့် ဆက်စပ်နိုင်မှုမျိုးကိုပါ ခံစားရစေပါတယ်။
ဒီလိုနဲ့ စစ်ပြီးတော့ သူတို့တွေ အီရတ်သုံ့ပန်းတွေကိုခေါ်နေတုန်း သုံ့ပန်းတစ်ယောက်ရဲ့ အမေပေးတဲ့ပေါင်မုန့်တစ်စုံ ကြားမှာ ညှပ်ထားတဲ့ မြေပုံတစ်ခုတွေ့တယ်။ အဲဒီအချိန် ဗိုလ်မှူး George Clooney ကလည်း ကတုတ်ကျင်းတစ်ခုမှာ ဆက်ဒန်ခိုးထားတဲ့ ကူဝိတ်ရွှေတွေ မြုပ်ထားတယ်ဆိုတဲ့သတင်းတစ်ခုရထားတယ်ပေါ့။ အဲဒါနဲ့ သူတို့လေးယောက် လက်ဝါးချင်းရိုက်ပြီး မြေပုံကိစ္စကို အထက်လူကြီးဆီအသိမပေးဘဲ သွားရှာမယ်။ ရှာလို့တွေ့ရင် ခွဲယူပြီး ထိုင်စားမယ်လို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ဒါပေမဲ့လည်း အခြေအနေတွေက သူတို့ထင်သလို ပန်းခင်းသောလမ်းတော့ ဟုတ်မနေခဲ့ပါဘူး။ ကူဝိတ်ကိစ္စကို ဖြေရှင်းပြီးပေမဲ့ အီရတ်နိုင်ငံထဲမှာ ဆက်ဒန်ကို ဖြုတ်ချမယ့် သူပုန်တပ်တွေရှိနေပါတယ်။ ဆက်ဒန်တပ်တွေရဲ့ ပြည်သူတွေအပေါ်ဆက်ဆံပုံကိုမြင်တဲ့အချိန်မှာ သူတို့ ၄ ယောက်သား အကြပ်ရိုက်ပါပြီ။ အထက်ကပြောသလို မသိချင်ယောင်ဆောင်မလား။ ဝင်ကူညီမလားပေါ့။ လူသားချင်းစာနာမှုနဲ့ ကိုယ့်ရည်ရွယ်ချက်အကြား ပွတ်တိုက်မှုတွေဖြစ်လာတဲ့အခါ သူတို့ဘာကိုရွေးချယ်ကြမလဲဆိုတာ