
ကမ္ဘာကြီးကနေ ပြင်ပမှာ ဂြိုဟ်သားတွေရှိလားဆိုပြီးတော့ ဆက်သွယ်ဖို့ အာကာသယာဉ်မှာ လူတွေအကြောင်းရေးပြီး လွှတ်ပေးလိုက်ပါတယ်.. ဒီစာကိုရသွားတဲ့ ဂြိုဟ်သားတွေက လူသားတွေက စကြဝဠာ ထဲမှာ ဆက်ရှိနေသင့်တဲ့ မျိုးစိတ်လားကို စမ်းသပ်ဖို့ ကမ္ဘာပေါ်ကလူတစ်ယောက်ကို လိုတရ တဲ့ အစွမ်းပေးလိုက်ပါတယ်.. ဒီအစွမ်းနဲ့ နေးလ်တစ်ယောက်က သူ့အခန်းရှေ့က မိန်းမချောလေး ကတ်သရင်းအချစ်ကို ဘယ်လိုရမလဲ.. သူက ကမ္ညာကြီးကိုရော ဂြိုဟ်သားတွေလက်ထဲက ကယ်တင်နိုင်မှာလားဆိုတာကို ခွီနေအောင်ကြည့်ရမှာ ဖြစ်ပါတယ်..