
Stanley ဟာမှင်စာဖြစ်ပေမယ့် စိတ်ရင်းနှလုံးကောင်းမွန်ပြီး နူးညံ့တဲ့ဗီဇရှိတဲ့အမျိုးဖြစ်ပါတယ်။ သူ့မှာပန်းပင်လေးတွေကိုဖန်တီးနိုင်တဲ့ မှော်ဆန်တဲ့ အစိမ်းရောင်လက်မလေးကို ပိုင်ဆိုင်ထားတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ မှင်စာတို့ရဲ့ကမ္ဘာမှာဒီလိုကြင်နာမှုတွေ၊ လှပမှုတွေကိုအလိုမရှိကြပါဘူး။ ဆိုတော့ Stanley ကပန်းလေးတွေကို သူ့ရဲ့နေရာလေးမှာပဲဘယ်သူမှမမြင်အောင်ဖုံးကွယ်ပြီး စိုက်ပျိုးထားရတာပါ။ ဒီလိုနဲ့တစ်ရက်မှာတော့ ပန်းပွင့်ကြီးတစ်ခုကို ဖန်တီးမိလိုက်ပြီးဘုရင်မကြီးဆီ Stanley ရဲ့သတင်းကရောက်ရှိသွားပါတယ်။ Stanley ပြည်နှင်ဒဏ်ပေးခံလိုက်ရပါတယ်။ ဒါပေမယ့်ဘုရင်မကြီးကတော့သူ့ကို လုပ်ထုံးလုပ်နည်းအရ ကျောက်တုံးအဖြစ်ပြောင်းပစ်ချင်နေတာပါ။ Central Park မှာ Stanley က Gus တို့မောင်နှမနှစ်ယောက်နဲ့ဆုံပြီး ပျော်ရွှင်နေတာကို ဘုရင်မကြီးကတွေ့တော့ သူ့ရဲ့ဒေါသတွေပိုပြီးကြီးထွားလာပါတယ်။ ဘုရင်မကြီးရဲ့ဒေါသကနေ Stanley ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ.. ဘယ်လိုအခက်အခဲ အတားအဆီးတွေကိုကျော်ဖြတ်ရမလဲဆိုတာ..