
Rio 2 မှာတော့ အရှေ့ကားထက်ပိုကောင်းအောင်ရုပ်ပိုင်းရော အသံပိုင်းမှာပါ အဆင့်မြှင့်ထားပါတယ်။ သီချင်းတွေလည်းကောင်းတဲ့အပြင် အသံသရုပ်ဆောင်အသစ်တွေကိုလည်း ဂရမ်မီဆုရ အဆိုတော်တွေကို ခေါ်ထားပါတယ်။ ဒီကားမှာ ဘလူးဟာ ကလေး ၃ ယောက်အဖေ ဖြစ်နေပြီးတော့သူတိုမိသားစုက အမေဇုန်တောထဲကို စွန့်စားပြီး ခရီးထွက်ကြမှာပါ။ ပိုလှပတဲ့ရှုခင်းတွေ၊ ပိုစုံလင်တဲ့တိရစ္ဆာန်တွေနဲ့ သီချင်းအသစ်တွေလည်းအများကြီးပါလာမှာ ဖြစ်ပါတယ်..