
ဒေဝါလီခံရခါနီး ဇာတ်ရုံပိုင်ရှင် မွန်းဟာ သူ့ရဲ့ မအောင်မြင်တဲ့ ရှိးတွေကနေ ဖောက်ထွက်ပြီး ဇာတ်ရုံကို ပြန်အဖတ်ဆယ်ဖို အဆိုပြိုင်ပွဲတစ်ခု လုပ်ဖိုစတင်ပါတော့တယ်။ သူပိုင်ဆိုင်သမျှဒေါ်လာ တစ်ထောင်ကို ဆုကြေးအဖြစ် ကြေညာမလိုလုပ်ပေမယ့် စာရိုက်အမှားကြောင့် ဒေါ်လာတစ်သိန်းအဖြစ်ကြေညာမိပြီး တစ်မြိုလုံးက လာရောက်အရွေးခံကြတဲ့အခါ.. သီချင်းကိုရူးသွပ်တဲ့ အိပ်မက်ကိုယ်စီနဲ့ ဝါသနာရှင်တွေ ထွက်ပေါ်လာပါတော့တယ်.. ကလေး ၂၅ ယောက်အမေ အိမ်ထောင်ရှင် ရိုစီတာ.. လူဆိုးဂိုဏ်းခေါင်းဆောင်ရဲ့သားပေမယ့် အဆိုတော်ပဲလုပ်ချင်တဲ့ ဂျွန်နီ.. လူလည်အဆိုတော် မိုက်.. အသဲကွဲရော့ကာလေး အက်ရှ် နဲ့ လူအရမ်းကြောက်တဲ့ မီနာတိုပါပဲ.. ဒါပေမယ့် တကယ်မရှိတဲ့ ဆုကြေးအတွက် မွန်းဘယ်လိုဖြေရှင်းမှာလဲ.. ဘာမျှော်လင့်ချက်မှမရှိတဲ့ ရှိးပွဲမှာ သူတိုဘဝတွေကရော သီချင်းတွေအတွက် ဘယ်လောက်ပေးဆပ်နိုင်မလဲဆိုတာ..