
ယွန်းယောင်ဟွာဟာ နာမည်ကြီးသတင်းတင်ဆက်သူဖြစ်ခဲ့ပေမယ့်သူရဲ့လာဘ်စားတယ်ဆိုတဲ့သတင်းကြောင့် ရေဒီယိုတင်ဆက်သူအနေနဲ့ ရာထူးချခံထားရပါတယ်.. တစ်နေ့မှာ ရေဒီယိုကနေ အစီအစဉ်တင်ဆက်နေတုန်း မာဖိုတံတားကို ဖောက်ခွဲပစ်မယ်ဆိုပြီး ခြိမ်းခြောက်တဲ့ဖုန်းခေါ်ဆိုမှုတစ်ခုကို ရရှိခဲ့ပါတယ်.. အစပိုင်းမှာတော့ စနောက်တယ်ထင်ပြီး ဖောက်ခွဲလိုက်လို့ ပြောခဲ့ပါတယ်.. အကြမ်းဖက်သမားဟာတကယ်ပဲ ဖောက်ခွဲပြလိုက်တဲ့အခါမှာတော့ အားလုံးကထိတ်လန့်ကုန်ကြပါတယ်.. ဒီအခြေအနေက သူ့အတွက် သတင်းတင်ဆက်သူနေရာကို ပြန်ရနိုင်မယ့်အခွင့်အရေးပဲဆိုပြီး ရဲကိုအကြောင်းမကြားဘဲ သူ့ရဲ့အထက်လူကြီးနဲ့တိုင်ပင်ပြီး သူတို့အစီအစဉ်ကို ကြည့်သူရှုသူများအောင်လုပ်မယ်ဆိုပြီး ညှိနှိုင်းမှုလုပ်ကြပါတယ်.. အကြမ်းဖက်သမားနဲ့လည်း သဘောတူညီမှုတွေ လုပ်ခဲ့ကြပြီးတစ်နိုင်ငံလုံး ကြည့်ရှုနိုင်ဖို့ သူတို့ဖုန်းပြောတာကို တိုက်ရိုက်ပြသခဲ့ပါတယ်.. သူ့ရဲ့ တကိုယ်ကောင်းဆန်တဲ့လုပ်ရပ်ဟာ အကုန်လုံး ပြဿနာအကြီးကြီးတက်ဖို့ ဖြစ်လာပါတော့တယ်..