
ဆူဂယောင်း , ဂျူမီ နဲ့ ဆောင်းဟို တို့ကတော့ တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ်မလုပ်ကြတော့တဲ့ မောင်နှမတွေပါ.. သူတို့ ၃ ယောက်ကို ပြန်ပြီးဆုံတွေ့စေခဲ့တာကတော့ အဖေဖြစ်သူ မတော်တဆမှုနဲ့ ဆုံးပါးသွားပြီဆိုတဲ့ သတင်းစကားပါပဲ.. ဒါပေမဲ့ အဲဒီသတင်းနဲ့အတူ ပါလာတာကတော့ ရှိမှန်းတောင် မသိခဲ့တဲ့ နာ့လေး ဆိုတဲ့ ၁၁ နှစ်အရွယ် သူတို့ရဲ့ မောင်နှမအငယ်ဆုံးလေးပါ.. ဘယ်ကမှန်းမသိဘဲ ရုတ်တရက်ပေါ်လာတဲ့ နာ့လေးက တကယ်ပဲ သူတို့ရဲ့မောင်နှမအရင်းဟုတ်ရဲ့လား.. ၁၁ နှစ်အရွယ်ကလေးလေးနဲ့ သူတို့မောင်နှမတွေ ဘယ်လိုဖြတ်သန်းသွားကြမလဲဆိုတာ..