“ကျဲန်” ဆိုတဲ့ဂျက်ကန်ကန်ကောင်မလေးတစ်ယောက်ဟာ Gen Z ကလေးတွေသဘာဝအတိုင်း စိတ်အားထက်သန်မှုပြင်းပြတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာနည်းပညာတွေကို လေ့လာလိုသူလည်းဖြစ်ပါတယ်။ တနေ့တော့ “ကျဲန်” ဟာအတန်းပိုင်ဆရာမပေးတဲ့ အိမ်စာတွေကို AI အသုံးပြုပြီး စာခိုးချခဲ့ရာကစပြီး အပြစ်ဒဏ်အနေနဲ့နွေရာသီကျောင်းပိတ်ရက်အတွင်း သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးစင်တာတစ်ခုမှာ အချိန်ပိုင်းအနေနဲ့ အလုပ်လုပ်ပေးရမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်းအသက် ၆၀ ရှိပြီဖြစ်တဲ့ စာရေးဆရာ “အာနု” ဟာ ဘဝကိုလွပ်လပ်စွာဖြတ်သန်းပြီး သူဟာလူတွေအနေနဲ့ ဘဝကိုဘယ်လိုနေထိုင်သင့်ကြောင်း “ဘဝနေနည်းစာစု”တွေကို ရေးသားသူထုတ်ဝေနေသူပါ။ ဒီလိုနဲ့တနေ့မှာ “ကျဲန်”နဲ့စာရေးဆရာ”အာနု”တိုတွေ့ဆုံဖိုဖြစ်လာပါတယ်။ ဒီကားလေးထဲမှာ ယနေ့ခေတ် ကလေးတွေရဲ့အတွေးအမြင်တွေ၊ လူကြီးနဲ့လူငယ်ကြားကပဋိပက္ခတွေ၊ ခေတ်စနစ်တိုးတက်လာမှုတွေကြောင့် ဖြစ်လာတဲ့ကောင်းကျိုး ဆိုးကျိုးတွေအပြင် ဘဝနေထိုင်မှုတွေပုံစံတွေကို ပေါ့ပေါ့ပါးပါးလေး ကြည့်ရမဲ့ ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်..















