
ဒီဇာတ်ကားမှာ ပထမကားနဲ့ ၁၅ နှစ်အကွာမှာ ဇာတ်လမ်းကို ပြန်လည်စတင်ထားပါတယ်..
အခုချိန်မှာတော့ ဘန်တီနဲ့ ဘာဘလီတို့ လူလိမ်ဝိဇ္ဇာ ၂ယောက်ဟာ မိသားစုတစ်ခု ထူထောင်ပြီး အေးအေးဆေးဆေး ဘဝကို ဖြတ်သန်းနေကြပါပြီ.. သားလေးတစ်ယောက်နဲ့ ပျော်ရွှင်စွာနေထိုင်ရင်းနဲ့ တစ်နေ့မှာတော့ ဘန်တီနဲ့ဘာဘလီတို့ရဲ့ လှည့်ကွက်တွေ ပြန်ပေါ်လာပါပြီဆိုပြီး လူတိုင်းပါးစပ်ဖျားပေါ် ပြန်ရောက်လာကြပါတော့တယ်.. သက်လတ်ပိုင်းရောက်နေကြတဲ့ ဘန်တီနဲ့ ဘာဘလီတို့လဲ သူတို့မလုပ်တဲ့ လိမ်လည်မှုတွေနဲ့ စွပ်စွဲခံရပါတော့တယ်.. ရဲအရာရှိ ဂျတာယူဟာ ဒီလက်သစ် ဘန်တီ-ဘာဘလီကို သဲလွန်စ ရှာမရတာကြောင့် မူလ ဘန်တီ-ဘာဘလီတို့ကို ကလေးနဲ့ ခြိမ်းခြောက်ပြီး စုံစမ်းရေးမှာ ပါဝင်ဖို့ ခိုင်းစေခဲ့ပါတယ်.. ၁၅နှစ်အကြာမှ ဒီနယ်ပယ်ထဲ ပြန်ဝင်လာရတာမို့ အနားယူထားတဲ့ ကာလရှည်အတွင်း သူတို့အရည်အချင်းတွေ လျော့ပါးကုန်ပြီလား.. ပြောင်းလဲသွားတဲ့ ခေတ်မှီနည်းပညာနဲ့ ကွာဟသွားတဲ့ခေတ်အခြေအနေတွေကြားမှာ သူတို့ကိုပုံတူကူးကျူးလွန်နေတဲ့ လူငယ်စုံတွဲနဲ့ ဘယ်လိုဉာဏ်များယှဉ်ပြိုင်ကြမလဲဆိုတာ..