
Sam Ace Rothestein အဖြစ် Robert De Niro ကသရုပ်ဆောင်ထားတယ်… သူဟာ လောင်းကစားတွေနဲ့ပတ်သက်လို့ထက်မြက်တယ်… သူ့မျက်လုံးတစ်စုံဟာ ၃၆ဝဒီဂရီပတ်ကြည့်ပြီးတာနဲ့ ဘယ်ဝိုင်းက ထိုးသားအခြေအနေ လောင်းကြေးတွေက ဘယ်သူ့ဘက်အလေးသာနေတယ် ဘယ်သူတွေက မသာမာမှုတွေ လုပ်နေတယ်ဆိုတာကို အကဲဖြတ်စွမ်းနိုင်စွမ်းရှိတယ်.. တစ်ဆက်တည်း သူလိုချင်တဲ့ အနေအထားကိုလည်း ပြောင်းလဲနိုင်စွမ်းရှိတယ်.. ဒါကြောင့် ကာစီနိုတွေကို ချုုပ်ကိုင်နေတဲ့သူတွေက သူ့ကို ကာစီနိုဝိုင်းတွေကို ကွပ်ကဲပေးဖို့ငှားခဲ့တယ်.. သူကလည်းလက်ခံခဲ့တယ်.. သူ့ကိုလက်ဖျားနဲ့မပြောနဲ့ စကားကြမ်းပြောတဲ့သူတောင် အနားမှာမရှိအောင် လူမိုက်အကြီးစားတစ်ယောက်ကို သူ့အနားမှာထားပေးတယ်.. အဲဒီအလုပ်ကို သူလက်ခံပြီးတဲ့နောက်မှာ အပြောင်းအလဲတွေ အများကြီးသူကြုံရတော့တာပဲ.. လူမိုက်တွေ.. ရဲတွေ.. အစိုးရအကြီးအကဲတွေ.. ဥပဒေကို လက်တစ်လုံးခြားလုပ်နေတဲ့သူတွေ.. ဒီကားမျိုးက ကြည့်ပြီးတွေးမြင်ခံစားလို့ ကောင်းတဲ့ကားမျိုးဆိုတော့..