
အစိုးရအေးဂျင့်တစ်ဦးနဲ့ ရာဇဝတ်ဂိုဏ်းဝင်တစ်ဦးတို့ ပူးပေါင်းပြီး ကမ္ဘာကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်တစ်ခုကို တိုက်ထုတ်ရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ အေးဂျင့် Owen Flynn ဟာ နျူကလီးယားစွမ်းအင်ရယူဖို့ ကြိုးစားနေတဲ့ နိုင်ငံတကာ အကြမ်းဖက်သမားကို တားဆီးဖို့အတွက် ရာဇဝတ်ဂိုဏ်းဝင် Johnny Mai နဲ့ လက်တွဲရပါတော့တယ်။ စရိုက်မတူညီတဲ့ ဒီဇာတ်ကောင်နှစ်ဦးဟာ အစပိုင်းမှာ သဘောထားချင်း မတိုက်ဆိုင်ပေမဲ့ နောက်ပိုင်းမှာတော့ မထင်မှတ်ထားတဲ့ အခြေအနေတွေကြောင့် ပူးပေါင်းပြီး အတူတိုက်ခိုက်ရတာကို စိတ်လှုပ်ရှားဖွယ် တွေ့မြင်ရမှာပါ..