
ဒီဇာတ်ကားလေးဟာ မကောင်းဆိုးဝါးလေးတွေနဲ့ ဇာတ်လမ်းစထားခဲ့ပြီး Dracula ဘုရင်တစ်ပါးရဲ့သမီးလေးနဲ့ ချစ်ကြိုက်ခဲ့တဲ့ လူသားတစ်ဦးတို့ရဲ့ အချစ်မေတ္တာနဲ့ပေါင်းစပ်လက်တွဲမှုကို အချက်ကျကျသဘောကျဖွယ် ဖန်တီးထားပါတယ်။ Part 1 မှာ ချစ်ကြိုက်ခဲ့တဲ့ Dracula မလေး Mavis နဲ့လူသားလေး Jonathan တို့ရဲ့ လက်ထပ်မင်္ဂလာဆောင်ပွဲကနေစ ထားပါတယ်။ Mavis နဲ့ Jon တို့ဟာ လက်ထပ်ပြီးကာလတစ်ခုမှာ သားလေးတစ်ယောက်မွေးဖွားခဲ့ပါတယ်။ အထူးသဖြင့်ဒီဇာတ်ကားမှာတွေ့ရမှာက အဘိုးဖြစ်သူ Count Dracula ရဲ့သူ့မြေးလေးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို လှလှပပဖွဲ့နွဲ့သွားခဲ့ပြီး သူ့လိုပဲမြေးလေးကို မှော်အတတ်တွေကျွမ်းကျင်တဲ့ Dracular လေးတစ်ဦးဖြစ်စေချင်တာကိုလည်းတွေ့ရပါမယ်..