
ဒီဇာတ်ကားထဲက စိတ်ဝင်စားစရာ ပစ္စည်းကတော့ Holy Grail ပါ.. တော်တော်များများလည်း ကြားဖူးသိဖူးကြမယ်ထင်ပါတယ်.. ဒီခွက်ကို ယေရှု နောက်ဆုံးညစာစားပွဲမှာ သုံးခဲ့တယ်လို့ဆိုကြပါတယ်.. နောက်ပိုင်း ကျမ်းစာအလိုအရ ယေရှုရဲ့သွေးကို Joseph က ဒီခွက်နဲ့ပဲ ခံယူခဲ့ပါသတဲ့.. ဒါလည်းပဲ ဂျေရုဆလင် ကျဆုံးချိန်မှာ ပျောက်ဆုံးတဲ့စာရင်းထဲမှာ ပါပါတယ်.. တချို့မှတ်တမ်းတွေအရ Templar တပ်ဖွဲ့ဝင်တွေက ဘေးလွတ်ရာကို သယ်ဆောင်သွားခဲ့ပြီး လုံခြုံတဲ့နေရာတစ်ခုမှာ ဖွက်ထားခဲ့ကြတယ်လို့ ဆိုပါတယ်.. ဘယ်နေရာလဲဆိုတာတော့ ရေရေရာရာမသိနိုင်တော့ပေမယ့် ဂျေရုဆလင်နဲ့ အနောက်ကမ္ဘာကို ဆက်သွယ်ထားတဲ့ လမ်းပေါ်မှာလို့ပဲ ယူဆရပါတယ်.. ဒီခွက်နဲ့ပတ်သက်ပြီး နောက်ထပ် တော်တော်ခိုင်မာတဲ့ ဇာတ်လမ်းတစ်ပုဒ်မှာတော့ Holy Grail ဆိုတာ ခွက်တစ်ခွက်မဟုတ်ပဲ ယေရှုရဲ့ဇနီး Mary Magdaline ကို လျှို့ဝှက်ခေါ်ဆိုတာလို့ ဆိုပါတယ်..