
ချင်တိုင်းပြည်က နယ်မြေစုစည်းရန်အတွက် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေချိန်တွင် အိမ်နီးချင်း ကျိုးဟူတိုင်းပြည်က မြောက်ပိုင်းမှနေ ကျူးကျော်ဝင်ရောက်လာခဲ့ပါတယ်။ ကျိုးဟူတိုင်းပြည်ကို တွန်းလှန်ရန်အလို့ငှာ ဘုရင်အီဆဲက မဟာစစ်သူကြီး အိုးခီကို ခေါင်းဆောင်အနေနှင့် တင်မြှောက်လိုက်ပါတယ်။ ရှင်းဆိုသည့် လူငယ်လေးသည် အိုးခီကို အလွန်လေးစားပြီး စစ်သူကြီးဖြစ်ရန် ရည်ရွယ်နေသူတစ်ယောက် စစ်ပွဲအတွင်းသို့ ဝင်ရောက်လာခဲ့ပါတယ်။ အိုးခီခေါင်းဆောင်သည့် ချင်တိုင်းပြည်ဘက်က စစ်ပွဲကို နိုင်တော့မည့်အချိန်တွင် အမှောင်ရိပ်တစ်ခုက အိုးခီစစ်တပ်အား ချောင်းမြောင်းစောင့်ဆိုင်းနေလျက် ရှိနေခဲ့လေသည်..