
အေးချမ်းတဲ့ မြို့ကလေးက အစားပုတ်၊ အပျင်းတစ် ပန်ဒါကြီး ‘ပို’ ဆိုရင် မသိတဲ့သူ မရှိသလောက်ပါပဲ။
တလွဲတွေလုပ်တတ်ပေမယ့် ကွန်ဖူးဆရာတစ်ဆူဖြစ်လာရမယ်ဆိုတဲ့ အိပ်မက်ကိုလည်း တစ်ယောက်တည်း တိတ်တိတ်လေးမက်နေတဲ့ ငပျင်းကလေးပဲ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူမျှော်လင့်ထားသလို သိုင်းလောကဆရာတစ်ဆူဖြစ်လာဖို့ အကြောင်းဖန်လာတဲ့အခါ.. မမျှော်လင့်ပဲ နဂါးသူရဲကောင်းအဖြစ် ရွေးချယ်ခံလိုက်ရတဲ့ အခါမှာ ကွန်ဖူးပညာ အခြေခံအဆင့်တောင် မရှိတဲ့ သူ့အတွက် ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရမလဲ.. ဒီ ဇာတ်ကားကတော့ ကွန်ဖူးပန်ဒါ ဖြစ်ပေါ်လာရတဲ့ အစကို မြင်တွေ့ရမှာပါ..