
စင်္ကြဝဠာကြီးအစမှာ Elder God တွေက Realm တွေဖန်တီးပေးခဲ့ကြတယ်။ ကိုယ့်လောကဆီကို တခြားလောကကသူတွေ လာမကျူးကျော်ဖို့ Generation တစ်ခုမှာတစ်ခါ Realm တိုင်းက အတော်ဆုံး တိုက်ခိုက်ရေးသမားတွေစုပြီးယှဉ်ပြိုင်တိုက်ခိုက်စေတယ်။ အဲဒီပြိုင်ပွဲရဲ့ နာမည်ကတော့ Mortal Kombat ပေါ့။ Mortal Kombat ကို Realm တစ်ခုတည်းကနေ ၁၀ ပွဲဆက်တိုက်နိုင်သွားခဲ့ရင် အနိုင်ရတဲ့သူကတခြား Realm တွေနဲ့ပေါင်းပြီး သူအုပ်ချုပ်ချင်သလို အုပ်ချုပ်ခွင့်ရှိတယ်။ Earthrealm ကတော့ ပြီးခဲ့တဲ့ ၉ ပွဲမှာ Shao Khan ဆိုတဲ့ဧကရာဇ်ကြီးကို ရှုံးထားလေရဲ့။ အခု ၁၀ ပွဲမြောက်က Earthrealm ရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် ပွဲတစ်ပွဲဖြစ်လာတော့တယ်..
ဂိမ်းသမားတွေကတော့ ဘရုစ်လီနဲ့သံခမောက်ဆိုရင် မသိတဲ့လူ မရှိသလောက်ပါပဲ။ သွေးသံတရဲရဲတွေနဲ့မို့ R rated ကြိုက်တဲ့သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်..