
ဒီတစ်ခေါက် ဇာတ်လမ်းလေးမှာတော့ ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေက တရုတ်ပြည်နဲ့ နိုင်ငံရေးရာဆက်ဆံချင်ပြီး ခေတ်စနစ်နဲ့အညီ တိုးတက်စေချင်တဲ့အတွက် တရုတ်ကိုရောက်လာကြပြီး တရုတ်အာဏာပိုင်တွေကလည်း အသာတကြည်လက်ခံဆွေးနွေးကြပါတယ်။ လက်မခံနိုင်တာကတော့ ဗုဒ္ဓလမ်းစဉ်လို နာမည်ခံပြီး နတ်ဘုရားတွေ မှော်လမ်းစဉ်တွေ ကျင့်ကြံမှုတွေနဲ့ လူတွေကိုအယုံသွင်းထားတဲ့ ကြာပန်းဖြူဂိုဏ်းဖြစ်ပြီး ဒီဂိုဏ်းဟာ လူပေါင်းများစွာကို ဂိုဏ်းထဲကို အကြောင်းအမျိုးမျိုးနဲ့ ဆွဲဆောင်သွပ်သွင်းပြီး နိုင်ငံခြားသားတွေကို တိုင်းပြည်ကိုဖျက်ဆီးမဲ့ နတ်ဆိုးအနွယ်ဝင်တွေလို အယုံသွင်းကာ သုတ်သင်သတ်ဖြတ်ကြပါတော့တယ်။ ဒီအချိန်မှာ မတရားမှုကို လက်သင့်မခံနိုင်တဲ့ ဖြောင့်မတ်မှန်ကန်တဲ့ ကျွန်တော်တို ကွန်ဖူးပညာရှင် ဝမ်ဖေးဟုန်က ဒီအစွန်းရောက်ဂိုဏ်းရဲ့ လူမဆန်တဲ့သတ်ဖြတ်မှုတွေကို ဘယ်လိုတားဆီးမလဲ.. သူတိုသွပ်သွင်းထားတဲ့ အယူမှားတွေကို ဘယ်လိုဖြေဖျောက်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဂျက်လီအပြင် အိုင်ပီမန်းဆရာကြီး ဒွန်နီယန် ပါ ပါဝင်အားဖြည့်ပေးထားပါတယ်..