
ကီရာလာပြည်နယ်၊ မာလာပူရမ်ခရိုင်မှာရှိတဲ့ ပီရူမာနီရွာလေးက အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘဝကို ပုံဖော်ထားတဲ့ ကျေးလက်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ပီရူမာနီရွာကလေးကတော့ အပြင်လောကကြီးနဲ့ အဆက်အသွယ်သိပ်မရှိဘဲ သူတို့ယုံကြည်မှု၊ ကိုးကွယ်မှု၊ အယူသည်းမှုတွေနဲ့ပဲ ရှင်သန်နေတဲ့ ရွာကလေးတစ်ရွာပေါ့။ နက်ဆာဆိုတဲ့လူက လူကြီးချင်းသဘောတူလို့ ရွာရဲ့အလှပဂေးလေး ဖာသီမာနဲ့ လက်ထပ်ဖို့ အကြောင်းဖန်လာခဲ့တယ်။ ဒါပေမဲ့လည်း ဖာသီမာ့အပေါ် သံသယတွေ အမျိုးမျိုးဝင်လာတဲ့ နက်ဆာက အရူးတစ်ယောက်လိုဖြစ်လာခဲ့တော့တာပေါ့။ နောက်ဆုံး နက်ဆာကို သည်းမခံနိုင်တော့တဲ့ ဖာသီမာက နက်ဆာလက်ကလွတ်ဖို့အရေး သူငယ်ချင်း အာဘီကို အကူအညီတောင်းတဲ့အခါမှာတော့..