
တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ဟာ ယောက်ျားတစ်ယောက် နောက်ယောင်ခံလိုက်ပြီး သတ်တာခံလိုက်ရပါတယ်။ ခရီးစဉ်တစ်ခု စီစဉ်နေရတာကြောင့် သူမရဲ့အမှုကို ရဲတွေကအချိန်ဆွဲခဲ့လို့ နှောင့်နှေးခဲ့ရတာဆိုပြီး သတင်းတိုက်တစ်ခုကနေပြီး ဖွင့်ချလာတဲ့အခါမှာ အဲဒီသတင်း ပေါက်ကြားတဲ့ကိစ္စကိုရှာဖွေရင်း စခန်းမှာရှုပ်သွားခဲ့ရပါတယ်။ အီဇုမိဆိုတဲ့ ရဲဌာနတစ်ခုရဲ့ လူမှုဆက်ဆံရေးဌာနမှာ အလုပ်လုပ်နေတဲ့ ကောင်မလေးက သူ့အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ ချီကာက အဲဒီသတင်းကို ပေါက်ကြားအောင်လုပ်တာလို့ ထင်နေခဲ့တာဖြစ်ပြီး ချီကာက သူလုပ်တာမဟုတ်ကြောင်း ငြင်းခဲ့ပါတယ်။ တစ်ပတ်အကြာလောက်မှာတော့ ချီကာ့ကို သေဆုံးလျက်သားတွေ့ခဲ့ရပြီး အီဇုမိက သူ့ကြောင့်ဆိုတဲ့ အပြစ်ရှိစိတ်နဲ့ ချီကာ့သေဆုံးမှုကို အားစိုက်ပြီး စုံစမ်းရင်းနဲ့သူသိခဲ့ရတဲ့ ခါးသက်တဲ့အမှန်တရားတွေကို လက်ခံနိုင်ပါ့မလားဆိုတာ..