
နေဝင်ရီတရောအချိန်၊ နွားရိုင်းသွင်းချိန်လို သညာပြုကြတဲ့ Sorop သိုမဟုတ် မာဂရစ်အချိန်ဟာ ဝိဉာဉ်တွေလွတ်လပ်စာလှုပ်ရှားသွားလာနိုင်တဲ့အချိန်ဖြစ်တယ်လို ဘာသာဓလေ့အတော်များများမှာ အယုံအကြည်ရှိကြသလို ဂျာဗားကျွန်းသားတွေမှာလည်းရှိပါတယ်။ အဲ့ဒီလိုပဲ “Puasa Sorop” ဆိုတဲ့ အစာရှောင်ခြင်းဓလေ့ဟာလည်း ကိုလိုနီခေတ်ကတည်းကရှိခဲ့တဲ့ ဝိဉာဉ်တွေကိုခေါ်ယူတဲ့ရိုးရာဓလေ့တစ်ခုဖြစ်ပါတယ်။ ဒီနေရာမှာထူးခြားချက်ကတော့ အစာရှောင်သူဟာ သင်္ချိုင်းမြေတွေကိုစားသုံးရတာပါပဲ။ ဒီဓလေ့ကိုရည်ရွယ်ချက်အမျိုးမျိုးနဲ့ လုပ်ဆောင်လေ့ရှိကြပေမယ့် ကာယကံရှင်အပေါ်မူတည်ပြီး အကောင်းအဆိုး အကျိုးအပြစ်တွေ ရလဒ်ထွက်လာရစမြဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ ဟာနစ်ဖ်နဲ့အစ်စ်တီဆိုတဲ့ ညီအစ်မနှစ်ယောက် သူတိုဦးလေးအသည်းအသန်ဖြစ်နေတယ်ဆိုတဲ့ စကားကြောင့် ငယ်ငယ်လေးကတည်းက စွန့်ခွာခဲ့တဲ့ မိသားစုပိုင်နေ အိမ်ကြီးကိုပြန်ရောက်လာပြီး မကြာခင်မှာ သေဆုံးသွားတဲ့ ဦးလေးဖြစ်သူနဲ့အတူ ထူးခြားကြောက်မက်ဖွယ်ဖြစ်ရပ်တွေကို ရင်ဆိုင်ရတာကိုတွေ့မြင်ရပါလိမ့်မယ်..