
တေးဂီတဝါသနာပါတဲ့ ကြောင်လေးဖြစ်တဲ့ တက်ဘီ မက်တက်နဲ့ သူ့ရဲ့သူငယ်ချင်း ဖရက်ဒ်ဆိုတဲ့ လမ်းဘေးဂီတသမားတစ်ဦးတို့ရဲ့ ဘဝအကြောင်းလေးပါပဲ။ တက်ဘီဟာ ဖရက်ဒ်နဲ့အတူ လမ်းပေါ်မှာ သီချင်းဆိုရင်း ပရိသတ်ကို ဖျော်ဖြေပေးပြီး၊ သူတို့ရဲ့ ရင်းနှီးတဲ့ဆက်ဆံရေးဟာ ကြည်နူးစရာလေးပါပဲ။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခုကြောင့် တက်ဘီနဲ့ ဖရက်ဒ်တို့ ခွဲခွာသွားရပြီး၊ တက်ဘီဟာ ဆော့ခ်စ်ဆိုတဲ့ ကြောင်လေးတစ်ကောင်နဲ့ တွေ့ဆုံပြီး သူ့ဘဝလေးဟာ ပြောင်းလဲသွားပါတယ်..