
၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကာလမှာ ဂျပန်အင်ပါယာလက်အောက်က ဟာရှီးမားကျွန်းပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့သမိုင်းဝင်ဖြစ်ရပ်တွေကို အခြေခံထားတာပါ…
ဒီကျွန်းပေါ်မှာ ဂျပန်တွေက ကိုရီးယားလူမျိုးတွေကို အတင်းအဓမ္မ အလုပ်ခိုင်းပြီး ကျောက်မီးသွေးတွင်းတွေမှာ အလုပ်လုပ်စေခဲ့တယ်.. ကျွန်းက လုံခြုံရေးအရမ်းတင်းကျပ်တာကြောင့် ထွက်ပြေးဖို့ လမ်းမရှိသလောက်ပါပဲ… ဂျပန်တွေရဲ့ ဖိနှိပ်မှုဒဏ်ကို မခံနိုင်တော့တဲ့အဆုံးမှာတော့ ကျွန်းပေါ်က ကိုရီးယားအလုပ်သမားပေါင်း ၄၀၀ ကျော်ဟာ ထွက်ပြေးဖို့ ကြိုးစားပါတော့တယ်… သူတို့တွေ ဒီကျွန်းကြီးပေါ်ကနေ အမှန်တကယ်ပဲ လွတ်မြောက်သွားနိုင်မလားဆိုတာ..