
ပင်လယ်နက်ထဲက ကာပါသီယာကျွန်းမျောတွေပေါ်မှာနေကြတဲ့ မက်ဆင်းတိုမိသားစုဟာ အိုချီဆို ဒဏ္ဍာရီလာ သတ္တဝါကို မျိုးဆက်အလိုက်ကြောက်ရွံပြီး အမဲလိုက်နေခဲ့တာဖြစ်ပါတယ်။ တစ်နေ့မှာတော့ အဲ့ဒီမိသားစုက ယူရီဆိုတဲ့ကလေးမလေးက ဒဏ်ရာရနေတဲ့ အိုချီအကောင်ပေါက်လေးကိုတွေ့ပြီး ခင်တွယ်သွားရာကနေ သူ့မိသားစုရှိရာ တောနက်ကြီးထဲကို ပြန်ပိုဖိုအတွက် ခရီးကြမ်းကိုနှင်ခဲ့ရင်း စိတ်မချတဲ့ ဖခင်ဖြစ်သူ မက်ဆင်းကလည်း လိုက်ပါလာခဲ့ပါတယ်..