
ဒီကားက ပေါက်ကရတွေချည်းရိုက်ထားတဲ့ ထိုင်းဟာသဇာတ်ကားပါ။
ထိုင်းကားဆိုပေမယ့် အာဖရိက ဆာဖာရီတောထဲ ရောက်သွားတဲ့ပုံနဲ့ ရိုက်ကူးထားတာမလို့ အာဖရိကလူမျိုးတွေရော တောတွင်းလူသားစ-ားလူရိုင်းတွေရော သရဲတွေရော ဘီလူးတွေရော လူပုလေးတွေရော မင်းသမီးလေးတွေရော ဘုန်းကြီးတွေရောနဲ့ တကယ့်ဗြုတ်ဇဗျင်းတောင်း ဇာတ်ကားပါ။ ပိုက်ဆံရမယ်ဆိုလို့ အထူးအဆန်း လူသေမှုတွေဖြစ်နေတဲ့ရွာကို သွားစုံစမ်းကြမယ့် ဇာတ်လိုက်ကျော် ၄ ယောက်ဟာ ဇာတ်ကားစတာနဲ့ ကားပျက်သွားလို့ လမ်းဆင်းလျှောက်ကြရင်း ဘာမှန်းမသိတဲ့ တောထဲရောက်သွားကြပြီး အထူးအဆန်းပေါင်းစုံနဲ့ တလွဲပေါင်းစုံကို ကြုံတွေ့ရပါတော့တယ်..