
အိမ်ပိုင်မဲ့ဖြစ်သွားတဲ့ တွမ်နဲ့ဂျယ်ရီတို့ ဟောလိဝုဒ်ကားပြိုင်ပွဲကြီးမှာ စံအိမ်ကြီးကို ပထမဆုအဖြစ် ရနိုင်မည့်အခွင့်အရေးကို မြင်လိုက်ပါတယ်။ သူတို့နှစ်ကောင်ရဲ့ ဉာဏ်နီဉာဏ်နက်များနဲ့ အစွမ်းအစတွေကြောင့် စတူဒီယိုက ဝင်ပြိုင်ခွင့်ပေးလိုက်ပြီး၊ ကြည့်ရှုသူများလာတဲ့အခါ လောဘတက်ကာ ပန်းတိုင်တွေ ဆက်တိုက်ပြောင်းပြီး ပြိုင်ပွဲကိုရှည်အောင်လုပ်ပါတော့တယ်။ ကြမ်းတမ်းတဲ့ပြိုင်ပွဲကြီးမှာ တွမ်နဲ့ဂျယ်ရီ လူတွေနဲ့ယှဉ်ပြီး ဘယ်လိုဉာဏ်မျိုးသုံးကာ အသာရအောင်လုပ်မလဲ၊ နောက်ဆုံး ဘယ်သူကစံအိမ်ကြီးကို ပိုင်ဆိုင်မလဲဆိုတာ..