
ဒီဇာတ်လမ်းလေးမှာတော့ ဗီရိုထဲမှာ မကောင်းဆိုးဝါးတစ်ကောင် ရှိနေတယ်လို့ အိပ်မက်မက်တတ်တဲ့ သားလေးကို အဖေဖြစ်သူက ပုံတိုပတ်စလေးတွေ ပြောပြပြီး ကြောက်စိတ်ကို ရင်ဆိုင်ရဲအောင် ကူညီပေးပုံနဲ့ အစပြုထားပါတယ်။ တခြား Horror ဇာတ်ကားတွေနဲ့ မတူညီတဲ့အချက်က ဒီ ၁ နာရီ ဝန်းကျင်ပဲကြာတဲ့ ဇာတ်ကားထဲမှာ မတူညီတဲ့ Horror ဇာတ်လမ်းလေးတွေကို ညှပ်ထည့်ပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းဇာတ်ကွက်အရလည်း ပြေပြေပြစ်ပြစ်ရှိပြီးတော့ စကားများများမပြောဘဲ တစိမ့်စိမ့်တွေးရင်း အသက်ဝင်လှတဲ့ သဲထိတ်ရင်ဖို ဇာတ်ဝင်ခန်းတွေကို ရှုစားကြရမှာပါ..