
လျှို့ဝှက်ဆန်းကြယ်တယ်တဲ့ ကျွန်းတစ်ကျွန်းမှာရှိတဲ့ ဆန်းကြယ်တဲ့ပန်းတစ်မျိုးဟာ ရောဂါပိုးတွေကို ကုသပေးနိုင်တယ်ဆိုတဲ့ဒဏ္ဍာရီကြောင့် လူတွေဟာခေတ်အဆက်ဆက် ဒီကျွန်းကို ရှာဖွေနေကြပါတယ်။ အဲဒီကျွန်းရဲ့မြေပုံဖြစ်တဲ့ ရွှေမျက်နှာဖုံးဟာ ၂ ခြမ်းဖြစ်ပြီးတော့ ပျောက်ဆုံးနေပါတယ်။ တစ်နေ့မှာတော့ မျက်နှာဖုံးတစ်ခြမ်းကို ပိုင်တဲ့သူဟာ နောက်မျက်နှာဖုံးတစ်ခြမ်းကို ပိုင်တဲ့သူကို မျှားခေါ်နိုင်ဖို့ ရွှေမျက်နှာဖုံးကို ဆုအဖြစ်ထားပြီးတော့ လက်ဝှေ့ပွဲကြီးကို ကျင်းပလိုက်ပါတယ်။ အနယ်နယ်အရပ်ရပ်က လူငယ်လေးတွေ ဝင်ပြိုင်ကြပြီးတော့ တိုက်ရင်းခိုက်ရင်းနဲ့ လူငယ်လေး ၂ ယောက်ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျွန်းလေးပေါ် ရောက်သွားခဲ့ပါတယ်။ ဒီကျွန်းလေးမှာ ဘာလျှို့ဝှက်ချက်တွေရှိနေမလဲ.. နောက်ဆုံးမှာ ရွှေမျက်နှာဖုံးပိုင်ရှင်ဟာ ဘယ်သူဖြစ်လာမလဲ..