
သင်အိပ်လိုက်တာနဲ့ကို သင့်ကိုအိပ်မက်ဆိုးတွေပေးပြီး လိုက်သတ်နေတဲ့ ကောင်ကြီးတစ်ကောင်ရှိရင် ဘယ်နှယ့်လုပ်မလဲ.. နိုးထလာတာနဲ့ သင်ပြန်အိပ်ဖို့ကို ကြောက်နေပါလိမ့်မယ်.. ဘယ်တော့မှလည်း ပြန်အိပ်ရဲမှာ မဟုတ်တော့ပါဘူး။ မအိပ်ရတာ ရက်တွေဆက်လာတဲ့အခါ ဘာတွေဖြစ်လာလေမလဲ.. ခေါင်းတွေမူးလာမယ်.. စိတ်တွေခြောက်ခြားလာမယ်.. မူမမှန်ဖြစ်လာမယ်.. အဲ့ဒီအခါ ဘယ်လိုဖြတ်ကျော်မလဲ..
Freddy Krueger ဟာ လူငယ်လေးတွေကို အိပ်မက်ဆိုးတွေပေးပြီး အိပ်မက်ထဲမှာ လူလိုက်သတ်တဲ့ မကောင်းဆိုးဝါးပဲဖြစ်ပါတယ်.. နန်စီ တို့သူငယ်ချင်းတစ်စုကို Freddy Krueger မှ အိပ်မက်တွေပေးပြီး လိုက်သတ်တဲ့အခါမှာတော့..