
ဂျပန်တွေရဲ့ကျူးကျော်မှုကို ကြုံလာရတဲ့အခါ ဂျိုဆွန်းပြည်ရဲ့မင်းကြီးဟာ ပြည်သူတွေကိုမကာကွယ်ဘဲ တရုတ်ပြည်ကို ထွက်ပြေးတိမ်းရှောင်သွားပါတယ်။ အဲဒီမှာ ဂွမ်ဟယ်ဆိုတဲ့ အသက် ၁၈ နှစ်ပဲရှိသေးတဲ့ အိမ်ရှေ့စံမင်းသားက အကုန်တာဝန်ယူဖို့ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ စစ်တပ်အင်အားနဲ့ လက်နက်တွေက မလုံလောက်တဲ့အခြေအနေမှာ ရှိနေတာကြောင့် အခက်အခဲတွေကြုံလာတဲ့အချိန်မှာ သူ့ဘက်က ကူညီပေးဖို့ ထိုအူဆိုတဲ့ အစားထိုးတပ်သားခေါင်းဆောင်ကို အကူအညီတောင်းခဲ့ပါတယ်။ အစားထိုးတပ်သားဆိုတာ တပ်သားအစစ်မဟုတ်ဘဲ တပ်သားမလုံလောက်တဲ့အချိန်မှာ စစ်အင်အားဖြည့်ဖို့ အသုံးပြုခံရတာပါ။ အိမ်ရှေ့စံမင်းသားဂွမ်ဟယ်က ထိုအူနဲ့ သူ့လူတွေရဲ့အကူအညီကိုယူပြီး ဂျပန်တွေရဲ့ရန်ကိုရှောင်ရှားနိုင်ပါ့မလားဆိုတာ..