
ဒီဇာတ်ကားလေးကတော့ နာမည်အတိုင်း ၂၀၀ ကီလိုဂရမ်လေးတဲ့ သွေးစုပ်ဖုတ်ကောင်နဲ့ ရွာသားတွေကြားက အလွဲလေးတွေကို ပေါ့ပေါ့ပါးပါးကြည်ရှုရမယ့် မလေးရှားကားလေးပါ..
ဇာတ်လမ်းအစမှာတော့ တာဘီလေ့ရွာသူကြီး မစ္စတာအာကဒ်ရဲ့သားတော်မောင် ရွာပြန်လာတာကို ကြိုဆိုဖိုအတွက် အခမ်းအနားကျင်းပဖို ပြင်ဆင်မှုများနဲ့ ဇာတ်လမ်းကို အစပျိုးထားပါတယ်။ ကျေးဇူးတော်နေ့နဲ့ ပေါင်းလုပ်မယ့် ဒီအခမ်းအနားက စားစရာတွေကို ၂၀၀ ကီလိုဂရမ်လေးတဲ့ သွေးစုပ်ဖုတ်ကောင်က လာစားပါတော့တယ်။ အဲဒီနေ့ကစပြီး ရွာထဲကစားစရာတွေ တဖြည်းဖြည်းကုန်ခန်းလာရာကနေ ရွာသားတွေပါ သွေးစုပ်ခံလာရတာမို သူကြီးနဲ့ရွာသားများပေါင်းပြီ သွေးစုပ်ဖုတ်ကောင်တွေကို ရှင်းထုတ်ကြပုံကို ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာ ဖြစ်ပါတယ်..