
El Royale ဆိုတဲ့ ဟိုတယ်ရှေ့မှာ ဖာသာဒန်နီယယ်ဖလင်းဆိုတဲ့ ဘုန်းတော်ကြီးတစ်ပါးနဲ့ အဆိုတော်ပေါက်စခါလင်းဆွိတို့ တွေ့ဆုံတဲ့နေရာကနေ ဇာတ်လမ်းလေးကို စတင်ထားပါတယ်.. ဒါလင်းကတော့ ကယ်လီဖိုးနီးယားကနေ သီချင်းဆိုဖို့ လာခဲ့တာဖြစ်ပါတယ်.. ဒါပေမဲ့ ငွေကြေးသိပ်မပြည့်စုံလို့ ဒီဟိုတယ်မှာလာတည်းတာပါ.. ဖာသာဖလင်းကတော့ သူ့ညီဖြစ်သူ ဖွက်ထားခဲ့တဲ့ ငွေတွေကို ပြန်ယူဖို့ ဟိုတယ်ကို ရောက်လာခဲ့တာပါ.. သူတို့အရင် ဟိုတယ်မှာ ရောက်နေနှင့်တဲ့သူကတော့ ဖုန်စုပ်စက်အရောင်းဝန်ထမ်း ဟန်ဆောင်ထားတဲ့ အေးဂျင့်ဘရော့ဘက်ပါ.. သူ့မှာလည်း လူတွေသိပ်မတည်းကြတော့တဲ့ El Royale ကို လာတည်းရတဲ့ အကြောင်းတစ်ခုရှိနေပါတယ်.. ဟိုတယ်တစ်ခုလုံးမှာ ဝန်ထမ်းဆိုလို့ မိုင်စ်မီလာဆိုတဲ့ ကောင်လေးတစ်ယောက်ပဲ ရှိပါတယ်.. သူကလဲ ဆေးကြောင်နေတာလိုလို တစ်ခုခုကိုပဲ လန့်နေတာလိုလိုနဲ့ လျှို့ဝှက်ချက်တွေနဲ့ပါ.. နောက်ဆုံးမှ ရောက်လာတာကတော့ အမ်မလီဆိုတဲ့ ဟစ်ပီလေးပါ.. သူကတော့ ဟိုတယ်မှာ ဘယ်လိုအခန်းပဲတည်းရတည်းရဆိုပီး အခန်းတစ်ခန်းကို ငှားလိုက်ပါတယ်.. သူကရော ဘာတွေ လျှို့ဝှက်ထားတာလဲ.. အကြောင်းကိုယ်စီ လျှို့ဝှက်ချက်ကိုယ်စီနဲ့ ရောက်လာကြတဲ့ သူစိမ်းတွေအားလုံး ဒီဟိုတယ်ထဲမှာ ဘယ်လိုအဖြစ်အပျက်တွေ ကြုံတွေ့ရမှာလဲဆိုတာ..