
” သိမ်းငှက်သူရဲကောင်း ”
ဆရာကြီးကျင်းရုံရဲ့ condor hero trilogy ထဲက နာမည်ကြီးဝတ္တုတပုဒ်ဖြစ်တဲ့ The Return Of Condor Heroes ကို 2025 မှာ Movie Version အဖြစ် ပြန်လည်ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်..
ဇာတ်လမ်းကတော့ ကျိုးရင်းမရဏသိုင်းကို ပြောင်းပြန်ကျင့်ခဲ့လို့ ရူးသွပ်သွားတဲ့ အနောက်ပိုင်းအဆိပ်ဘုရင် အိုးရန်ဖုန်းက ရန်ကော့ကို မွေးစားပြီးပျိုးထောင်ပေးခဲ့တဲ့နေရာကစပါတယ်။ အိုးရန်ဖုန်းမွေးစားထားတဲ့ ရန်ကော့ကို ကောကျင့်တို့ရှာတွေ့သွားပြီးတော့ ချွမ်ကျန်းဂိုဏ်းမှာ သိုင်းပညာသင်ဖို့အပ်ခဲ့တယ်။ ရန်ကော့ရဲ့အဖေ ရန်ခန်းရဲ့ လုပ်ရပ်တွေကြောင့် ရန်ကော့ကို မုန်းနေကြတဲ့ ချွမ်ကျန်းဂိုဏ်းသားတွေကြောင့် ရန်ကော့က လူသတ်မှုနဲ့ အပြစ်တင်စွပ်စွဲခံရပြီး ပြေးလွှားရင်းနဲ့ တားမြစ်နယ်မြေမှာရှိတဲ့ ရှောင်လုံနွီဆီ ရောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ရန်ကော့ရဲ့ဘဝခရီးကို စတင်ပါတော့တယ်..