
ဇာတ်ကားလေးက အပိုင်း (၃) ခုရှိတဲ့အတိုင်းပဲ ပထမအပိုင်းလေးကတော့ ထိတ်လန့်ဖွယ်ရာကောင်းပြီး အမုန်းတရားတွေနဲ့ လူသတ်ရလောက်တဲ့အထိ လက်စားချေတဲ့ကားလေးဖြစ်ပါတယ်။
ဒုတိယအပိုင်းလေးကတော့ သရဲခြောက်ပြီး လူအသေအပျောက်များတဲ့ ရုပ်ရှင်ရုံရဲ့ထူးဆန်းတဲ့ လျှို့ဝှက်ချက်နဲ့ အဲ့ဒီမှာဘာအကြောင်းကြောင့် လူတွေအသတ်ခံရလဲဆိုတာကို ဖော်ထုတ်ရှင်းပြပေးတဲ့ကားလေးဖြစ်ပါတယ်။
တတိယအပိုင်းကတော့ ကောင်မလေးသူငယ်ချင်းနှစ်ယောက်ဟာ ဘန်ကောက်က သရဲခြောက်တဲ့အိမ်ကြီးမှာ ငှားရမ်းလာနေရင်း အိမ်ကြီးရဲ့ထူးဆန်းတဲ့အကြောင်းအရာတွေနဲ့ ရယ်ချင်စဖွယ်ကောင်းတဲ့ ဟာသတွေပါ ပါဝင်နေပြီးတော့ စိတ်ဝင်စားစရာကောင်းတဲ့ ကားလေးဖြစ်တာကြောင့် အားလုံးပဲကြည့်ရှုလိုက်ပါဦး..