
ဇာတ်ကားရဲ့ အကြောင်းအရာလေးကတော့ ဆွီချစ်ဆိုတဲ့ ဒိုရဲ့ MC ကြီးဟာစစ်တပ်ရဲ့ အထူးတပ်သား ဖန်တီးရေး စမ်းသပ်ခန်းကြီးကနေ ထွက်ပြေးလွတ်မြောက်လာပြီးတော့ ဟောင်ကောင်မှာ ငြိမ်းငြိမ်းချမ်းချမ်း လာနေနေတဲ့သူ ဖြစ်ပါတယ်။ သူဟာ စာကြည့်တိုက်တစ်ခုမှာ အလုပ်လုပ်နေပြီး ရဲမှုးရှက်ခ်ဆိုတဲ့ သူ့သူငယ်ချင်းနဲ့အတူ ဘဝကို ပုံမှန်ဖြတ်သန်းနေပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ မူးယစ်ရောင်းသူတွေကို လိုက်လံသတ်ဖြတ်နေတဲ့ သူတွေဟာ ပေါ်ပေါက်လာပါတော့တယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ ၊ ဘာလို အဲ့လိုတွေ လုပ်နေရလဲဆိုတာကို ရဲမှုးရှက်ခ်က တာဝန်ယူပြီး မှုခင်းရှင်းရပါတော့တယ်။ တစ်ဖက်မှာလည်း ဆွီချစ် သိလိုက်ရတာက ဒီလက်နက်ကိုင်တွေဟာ စမ်းသပ်ခန်းမှာတုန်းက အတူရှိခဲ့တဲ့ သူ့ရဲ့ တပည့်ဟောင်းတွေ ဖြစ်နေပါတော့တယ်။ ဒါနဲ့ပဲ သူ့ရဲ့ငြိမ်းချမ်းသာယာနေတဲ့ ဘဝကို ဘယ်လိုမျိုးထိန်းထားရင်းနဲ့ သောင်းကျန်းနေတဲ့ တပည့်ဟောင်းတွေနဲ့ ဘယ်လိုပြန်ရင်ဆိုင်ပြီး တိုက်ပွဲဝင်သွားမလဲဆိုတာ..