
Action,Sci-fi ပုံစံတင်ဆက်ထားပေမယ့် လူဦးရေထူထပ်လာခြင်း၊ လူသားဆန်မှုလျော့နည်းလာခြင်း၊ ခေတ်သစ်ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်သမားခေါင်းပုံဖြတ်မှု၊ တရားစီရင်ရေးစနစ်နဲ့ လူတန်းစားဆိုင်ရာပြသနာတွေ အနာဂတ်မှာဖြစ်လာမှာတွေကို မီးမောင်းထိုးပြထားပါတယ်.. ၂၁ ရာစုရဲ့အဆုံးသတ်မှာ ကမ္ဘာကြီးဟာ လူဦးရေလွန်ကဲမှု အဆိပ်သင့်မှု ကပ်ရောဂါတွေ ဖုံးလွှမ်းလာပါတယ်.. ဒီလိုအချိန်မှာ အချမ်းသာဆုံးလူတွေဟာ ကမ္ဘာကြီးမှာ မနေကြတော့ဘဲ သူတို့ရဲ့လူနေမှုအဆင့်အတိုင်း သီးသန့်တည်ဆောက်ထားတဲ့ အိုခြင်းမရှိ နာဖျားခြင်းမရှိတဲ့ ဂြိုလ်တစ်ခုဆီကို ထွက်ခွာသွားကြပါတယ်.. သမိုင်းနဲ့ချီလာတဲ့ထုံးစံအတိုင်း ငမွဲလေးတွေ နင်းပြားလေးတွေကတော့ ကမ္ဘာကြီးရဲ့ဆိုးညစ်မှုတွေကြား ပိတ်လှောင်ခံရစမြဲပေါ့..