
ကားသူခိုးအလုပ်ကနေ အနားယူပြီး ကောင်းရောင်းကောင်းဝယ် လုပ်စားနေတဲ့ မမ်ဖစ်ရိန်းစ် တဖြစ်လဲ နစ်ကေ့ဂ်ျကြီးဆီကို မကောင်းတဲ့အလုပ်တွေက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါတယ်။ ညီဖြစ်သူ ကစ်ပ်က ကားမှောင်ခိုဂိုဏ်းတစ်ခုအတွက် ကားခိုးပေးဖို့ အလုပ်လက်ခံပြီး အောင်မြင်အောင် မလုပ်နိုင်လို့ ဖမ်းခံထားရပြီး အသတ်ခံရမယ့်အရေးနဲ့ ကြုံနေရတာပါ။ အဲဒီအတွက် ညီဖြစ်သူကိုကယ်တင်ဖို့ အပေးအယူအနေနဲ့ မမ်ဖစ်တစ်ယောက် အဲဒီဂိုဏ်းအတွက် ကားခိုးပေးရမယ့် အခြေအနေ ဖြစ်လာပါတယ်။ ခိုးပေးရမယ့် ကားအစီးရေကလည်း အစီး ၅၀ တိတိ ဖြစ်ပြီး လေးရက်အတွင်း အပြီး ခိုးပေးရမှာပါ။ ဒါ့အပြင် သူနဲ့ နောက်ကြောင်းတွေရှိခဲ့တဲ့ နယ်ခံစုံထောက်တွေကလည်း သူ့ကို မျက်စိဒေါက်ထောက်ကြည့်နေတာမလို့ မမ်ဖစ်တစ်ယောက် သူ့ကားသူခိုးအဖွဲ့နဲ့ ရဲတွေလက်ကလွတ်အောင် ကားအစီး ၅၀ ကို ဘယ်လိုမျိုး ခိုးကြမလဲဆိုတာ..