
သာမန်လူတစ်ယောက်နဲ့ စုန်းမတစ်ယောက် ပေါင်းစပ်ပြီး မွေးဖွားလာတဲ့ ကလေးလေးတစ်ယောက်.. ငယ်ငယ်ကတည်းက စုန်းမဖြစ်တဲ့ အမေဖြစ်သူရဲ့ ဆေးဖော်စပ်တာ တံမြက်စည်းပျံ စီးတာတွေကိုကြည့်ရင်း ကိုယ်တိုင်လည်း စုန်းမဖြစ်ချင်တယ်လို့ ကြွေးကြော်ခဲ့တဲ့ ကိကိ.. စုန်းမတစ်ယောက်ဖြစ်ဖို့အတွက် စည်းကမ်းချက်ကတော့ ၁၃ နှစ်ပြည့်တဲ့အချိန်မှာ မိဘအကူအညီမပါဘဲ တစ်နယ်ခြားမှာ ကိုယ့်အစွမ်းအစနဲ့ကိုယ် တစ်နှစ်နေထိုင်ရမှာပဲဖြစ်ပါတယ်.. ဒီလိုနဲ့ တံမြက်စည်းပျံပဲစီးတတ်တဲ့ ကိကိလေးက ခိုရိကိုဆိုတဲ့မြို့လေးကို ရောက်လာပြီး အဲဒီမြို့လေးမှာ ဘယ်လိုလူတွေဘယ်လိုအရာတွေနဲ့ တွေ့ဆုံကြုံကြိုက်ရမလဲ.. တကယ် စုန်းမကောင်းတစ်ယောက် ဖြစ်လာမှာလားဆိုတာ..