
ဇာတ်လမ်းလေးကတော့ ကျန်းကျောက်လင်ဆိုတဲ့ ပယောဂဆရာက ချီလျန်ဆိုတဲ့ မကောင်းဆိုးဝါးကို ဖမ်းပြီး ခွင်းလွန်တောင်မှာ ပြစ်ဒဏ်ပေးဖို့ ခေါ်လာခဲ့ရာမှာ မထင်မှတ်ဘဲ လှည့်စားခံလိုက်ရပြီး ချီလျန်ဟာ လွတ်မြောက်သွားခဲ့ပါတယ်.. တာဝန်မကျေပွန်ခဲ့တဲ့ ကျန်းကျောက်လင်ကို သူ့ဆရာက ပြစ်ဒဏ်ပေးတဲ့အနေနဲ့ သူ့အနားကနေ ထွက်သွားခိုင်းလိုက်ပါတယ်.. ကျန်းကျောက်လင်က အဲ့အချိန်ကစလို့ ချီလျန်ကိုသတ်ပစ်ဖို့ ရေဆုံးမြေဆုံးလိုက်ရှာရင်း တခြားမကောင်းဆိုးဝါးတွေဖြစ်တဲ့ ဟေးဝူချန်နဲ့ ပိုင်ဝူချန်တို့ကို ဖမ်းဆီးရင်း နံပါတ်တစ်ဓါးသမား လျောက်ဖုန်းရီနဲ့ ဆုံခဲ့ပါတယ်.. ရွမ်ထျန်းမြွေကြီးအဖြစ် ပြောင်းလဲဖို့ ယန်ဓာတ်ပြည့်ဝတဲ့သူတွေကို လိုအပ်နေတဲ့ ချီလျန်အတွက်တော့ လျောက်ဖုန်းရီဟာ သားကောင်တစ်ယောက် ဖြစ်လာခဲ့ရာမှာ ကျန်းကျောက်လင်က ကူညီပေးခဲ့ရာကနေ နောက်ဆုံးမှာ ချီလျန်ကို ပူးပေါင်းနှိမ်နင်းပြီး လောကကြီးကို အေးချမ်းသာယာအောင် ဘယ်လိုလုပ်ဆောင်သွားမှာလဲဆိုတာ..