
ဒဏ္ဍာရီလာ ပိုကီမွန်များဖြစ်သော Moltres, Zapdos နဲ့ Articuno တို့ရဲ့ မီး ရေခဲ မိုးကြိုး ဟန်ချက်ပျက်ယွင်းသွားသောအခါ ကမ္ဘာကြီးကို ကယ်တင်ဖို့ အက်ရှ်နဲ့ သူ့သူငယ်ချင်းတွေ ကြိုးစားကြတဲ့အကြောင်းလေးပါ.. ဇာတ်လမ်းအစမှာ လောရင့်စ်သည် ဒဏ္ဍာရီလာ ပိုကီမွန်များကို စုဆောင်းကာ လူဂီယာကို ဖမ်းဆီးရန် ကြိုးပမ်းနေခဲ့တယ်.. လောရင့်စ် က Moltres ကို အလွယ်တကူ ဖမ်းဆီးနိုင်ခဲ့ပြီး Zapdos ဖမ်းဆီးရန် ကြိုးစားနေစဉ် အက်ရှ် တို့သူငယ်ချင်းအုပ်စုမှာ မုန်တိုင်းမိပြီး ကျွန်းသို့ ရောက်သွားကြသည်.. အဲ့ကျွန်းမှာ နှစ်စဉ်ကျင်းပသော ပွဲတော်၌ အက်ရှ်ကို “ရွေးချယ်ခံရသူ” အဖြစ် သတ်မှတ်ခံရပြီး ဒဏ္ဍာရီလာ ပိုကီမွန်သုံးကောင်၏ ကျွန်းများမှ ပစ္စည်းသုံးမျိုးကို စုဆောင်းရန် တာဝန်ပေးအပ်ခဲ့တယ်.. အဲ့တာဝန်ကို ကူညီဖို့ မယ်လိုဒီဆိုတဲ့ ဒေသခံက ကူညီပေးမှာဖြစ်တယ် အက်ရှ်နဲ့ သူငယ်ချင်းတစ်သိုက် ပစ္စည်း ၃ မျိုးကို ဘယ်လိုအခက်အခဲတွေကြားကနေ စုဆောင်းရမလဲ.. မျှချေ မတည်မငြိမ်ဖြစ်နေတဲ့ ကမ္ဘာကြီးကိုကော ကယ်တင်သွားနိုင်မလားဆိုတာ..