
ရိုမီယိုနဲ့ ဂျူးလီးယက်ဆိုရင်တော့ အားလုံးကရင်းနှီးပြီးသားအချစ်သူရဲကောင်းတွေပါပဲ။ မြန်မာမှာဆိုရင်တော့ ရှင်မွှေးနွန်းနဲ့ မင်းနန္ဒာပေါ့နော်။ တစ်သက်လုံး ကမ္ဘာ့ရန်အနေနဲ့ပြိုင်ဆိုင်ခဲ့တဲ့ လူချမ်းသာအိမ်တော်နှစ်ခုရဲ့ မာန်မာနအညှိးတွေ၊ ပြိုင်ဆိုင်မှုတွေကို အသက်ပေးချစ်ခဲ့ကြတဲ့ချစ်သူနှစ်ဦးရဲ့ မေတ္တာတရားတွေနဲ့ ဆေးကြောခဲ့တဲ့ဇာတ်လမ်းလေး တစ်ပုဒ်။ ဒီဇာတ်လမ်းလေးက ဘယ်လောက်ပဲခေတ်တွေ နှစ်တွေပြောင်းသွားပါစေ၊ ချစ်သူတွေကြားကချစ်ခြင်းမေတ္တာကို စံနမူနာပြရတဲ့စုံတွဲလေးအနေနဲ့ လူတိုင်းရဲ့နှုတ်ဖျားမှာထင်ကျန်နေဆဲပါ။
ဒီဇာတ်လမ်းလေးတွေကဘယ်ကနေအစပျိုးခဲ့ပါသလဲ? ဒီတိုင်း လူတွေရဲ့ပါးစပ်ဖျားကပါးစပ်ရာဇဝင်သက်သက်တော့မဟုတ်ခဲ့ပါဘူး။ ရိုမီယိုနဲ့ ဂျူးလီးယက်ဆိုတဲ့ဆယ်ကျော်သက်အရွယ် ချစ်စရာစုံတွဲလေးဟာ ၁၄ရာစုနဲ့ ၁၅ရာစုအနောက်တိုင်း စာပေအနုပညာမှာ ဆရာတစ်ဆူဖြစ်ခဲ့တဲ့ အင်္ဂလိပ်ကဗျာနဲ့ ပြဇာတ်ရေးဆရာ ဝီလီယံရှိတ်စပီးယားရဲ့ ကလောင်ဖျားကပေါက်ဖွားခဲ့တဲ့ ဇာတ်ကောင်တွေပါ။ ဗဟုသုတအနေနဲ့ပြောရရင်တော့ ရိုမီယိုနဲ့ ဂျူးလီးယက်ပြဇာတ်ကို ရှိတ်စပီးယားက ၁၅၉၇မှာရေးသားခဲ့တာဖြစ်ပါတယ်။
ဒီပြဇာတ်လေးကိုမွေးစားယူပြီး ရိုမီယိုနဲ့ ဂျူးလီးယက်တိုရဲ့ချစ်ဇာတ်လမ်းတွေကို နှောင်းလူတွေကရုပ်ရှင်တွေအဖြစ်ပုံဖော်ရိုက်ကူးခဲ့ကြပါတယ်..