
၁၉ ရာစုဦးလောက်မှာ သမိုင်းမှာ အကြီးကျယ်ဆုံးသင်္ဘောတစ်စီး ပေါ်ပေါက်ခဲ့တယ်။ ဘယ်လိုမှ မနစ်မြုပ်နိုင်ဘူးဆိုပြီး ကြွေးကြော်ပြီး ပထမဆုံးခရီးမှာတင် နစ်မြုပ်သွားခဲ့တယ်။ အားလုံးသိကြတဲ့အတိုင်း အဲ့ဒီသင်္ဘောဟာ တိုက်တန်းနစ်ပါပဲ။ နောက်တိုက်တန်းနစ်က ဘာလို့ တန်းမြုပ်မသွားဘဲ တစ်နာရီခွဲကြာအောင် တဖြည်းဖြည်းချင်း မြုပ်ခဲ့တာလဲ။ ဘာလို့ ထက်ပိုင်းကျိုးကျပြီး မြုပ်ခဲ့တာလဲဆိုတဲ့ ပဟေဠိတွေလည်း ရှိပါတယ်။ တိုက်တန်းနစ်ဟာ စထွက်ကတည်းက ၀မ်းပေါက်နေတယ်ဆိုတဲ့ စကားတွေလည်း ရှိပါတယ်။ ဒီရုပ်ရှင်ဟာ မိုင်းလုပ်သားသပိတ်ကြောင့် ကျောက်မီးသွေးကောင်း ရှားတာလို အသေးစိတ်အချက်ကလေးတွေနဲ့ပါ ဆက်စပ်ပြီး တိုက်တန်းနစ်နစ်မြုပ်ရခြင်း အကြောင်းရင်းကို သေချာပြထားတယ်။ နောက် လူသိနည်းခဲ့ကြတဲ့ တိုက်တန်းနစ်ရဲ့ ကုန်းပတ်အောက်က အင်ဂျင်ခန်းတွေထဲက လူတွေရဲ့ တိုက်တန်းနစ် တန်းမမြုပ်ရလေအောင် ကြိုးပမ်းအားထုတ်ခဲ့ကြမှုတွေကို သေချာရှင်းပြထားတဲ့ ဒိုကူဒရာမာ အမျိုးအစားရုပ်ရှင်ပါပဲ..