
မင်ဟိုနဲ့ဟီယွန်းတို့လင်မယားမှာ သားသမီး ၂ ယောက်ရှိပြီး ရောဂါသည်အမေကြီးကို ပြုစုရင်းနေထိုင်ကြပါတယ်။ သားဖြစ်သူကတော့ လွန်ခဲ့တဲ့ ၅ နှစ်က ပျောက်ဆုံးသွားခဲ့ပါပြီ။ တစ်ရက်ကျ အမေဖြစ်သူရဲ့ရောဂါကို သက်သာစေချင်လို့ဆိုပြီး မွေးရပ်မြေ ဂျန်းတောင်ဆီကို ပြောင်းရွှေ့ခဲ့ပါတယ်။ တစ်ရက်ကျ သူတို့ဆီကို ခွေးလေးပျောက်လို့လာရှာတဲ့ ကလေး ၂ ယောက်နဲ့တွေ့ပြီး ဂျန်းတောင်လိုဏ်ဂူထဲကို ဝင်ရောက်တဲ့အချိန်မှာ အလောင်းတစ်ခုကို တွေ့ခဲ့ပါတယ်။ အဲဒါနဲ့အတူ ကလေးလေးတစ်ယောက်ကိုပါ တွေ့ရပြီး သူတို့အိမ်ကို ခေါ်လာခဲ့ပါတော့တယ်။ ကလေးလေးက သာမန်မဟုတ်ဘဲ ထူးဆန်းနေတာကို သတိထားမိလာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ..