
ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ Tung နဲ့ Thao က သူတိုဘဝမှာ အရာအားလုံးအဆင်ပြေနေပေမဲ့ သူတိုလိုချင်တဲ့ မိသားစုဝင်အသစ် ကလေးလေးကိုတော့ အိမ်ထောင်သက်တမ်းသုံးနှစ်ပြည့်တဲ့အထိ မရနိုင်ဘူး ဖြစ်နေခဲ့တယ် .. ဒါပေမဲ့ နောက်ဆုံးမှာကံကောင်းပြီး Thao ကိုယ်ဝန်ရသွားတော့ သူတိုနှစ်ယောက် အပျော်လွန်နေချိန်မှာပဲ ထူးဆန်းတဲ့ ကလေးဝိဉာဥ် ခြောက်လှန့်မှုတွေကို သူတိုအိမ်မှာစပြီး ကြုံခဲ့ရတော့တယ် .. အိပ်မက်ဆိုးတွေဆက်တိုက်မက်တဲ့ Thao က ကြာလာတော့ ကြောက်ရွံပြီး အပနှင်ဆရာဆီကို သွားမေးတဲ့အခါ အဲဒီဝိဉာဥ်က Thao အတိတ်က သူ့ဝမ်းကွဲညီမလေးကိုကိုယ်ဝန်ဖျက်ချခိုင်းခဲ့လို Thao ကို အငြိုးထားနေတဲ့ သန္ဓေသားဝိဉာဥ်ဆိုတာ သိခဲ့ရတယ်.. Thao သူလွယ်ထားတဲ့ ကလေးလေးကို သူ့နောက်ခြောက်လှန့်ပြီး အနှောင့်အယှက်ပေးနေတဲ့ ကလေးသရဲဆီကနေ ဘယ်လိုကာကွယ်မလဲဆိုတာ …