
ဒီကားက 1993 မှာထွက်ရှိခဲ့တယ် The Visitor:1 ရဲ့ အဆက်ဖြစ်ပါတယ်.. ဒါပေမဲ့ ဇာတ်လမ်းအစမှာ ပထမကားရဲ့ဇာတ်လမ်းအကျဥ်းချုပ်ကို ပြောပေးထားတာမလို့ နားလည်နိုင်မှာပါ.. ပထမကားမှာ မှော်ဆရာကြီးရဲ့ဆေးရည်နဲ့ အနာဂတ်ကို အချိန်ခရီးသွားခဲ့တဲ့ စစ်သူကြီးဂေါ့ဒါဖရိုင်းနဲ့ တပည့်ဖြစ်သူဂျက်ကတ်စ်တို့ သူတို့ရဲ့ မူလအတိတ်ကာလကိုပြန်သွားခဲ့ကြပါတယ်.. ဒါပေမဲ့ အမွှေစိန်ဂျက်ကတ်စ်က သူ့ရဲ့မြေးမြစ်ဖြစ်သူ ဂျက်ကွာ့ကို လူစားထိုးပြီး အတိတ်ကိုပြန်ပို့ကာ သူကတော့ အနာဂတ်ကာလမှာ ကျန်ရှိခဲ့ပါတယ်.. ဂျက်ကတ်စ်ဟာ မြို့စားမင်းကြီးရဲ့ ရတနာပစ္စည်းတွေကိုခိုးသွားပြီး သူ့ရဲ့နေရာမှန်မှာ ရှိမနေတာကြောင့် အချိန်လမ်းကြောင်းကြီးဟာ ပွင့်လျက်ကျန်ခဲ့ပါတယ်.. ဒီပြဿနာကိုဖြေရှင်းဖို့အတွက် စစ်သူကြီးဂေါ့ဒါဖရိုင်းကိုယ်တိုင် ဂျက်ကတ်စ်ကိုလည်းပြန်ခေါ်, မိသားစု ရတနာပစ္စည်းတွေကိုလည်းရှာဖို့ အနာဂတ်ကာလကို တစ်ဖန်ပြန်လာရပါတယ်.. တပည့်ကျော်ဂျက်ကတ်စ်နဲ့ ဂေါ့ဒါဖရိုင်းတို့ ခေတ်သစ်ကာလမှာ ဘယ်လိုတွေမွှေကြဦးမလဲဆိုတာ..