
ပေါ်ရာ ဟာ သူ့ရဲ့မိခင်ကို မိစ္ဆာက သတ်သွားတာကြောင့်မလို့ မိစ္ဆာတွေကို အရမ်းမုန်းတီးနေပြီး တစ်လောကလုံးက မိစ္ဆာတွေကို သတ်ပစ်ဖို့ ဆုံးဖြတ်ချက်ချထားသူတစ်ယောက် ဖြစ်ပါတယ်.. ချင်မင်ကတော့ ယန် ယင် ဆရာတစ်ဆူပါ.. သူ့ရဲ့အမေဟာ မြေခွေးမိစ္ဆာတစ်ယောက်ဖြစ်တဲ့အတွက် မိစ္ဆာတွေအပေါ်စာနာစိတ်ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်.. တစ်နေ့ မြွေမိစ္ဆာ ပြန်လည် ထွက်ပေါ်လာတဲ့အခါမှာ ချင်မင် အနေနဲ့ ဆန်းကျယ်လှတဲ့ လူသတ်မှုတွေကို ဖြေရှင်းရင်း တော်ဝင်မိသားစုက ပါဝင်ပတ်သတ်နေတာကို သိလိုက်ရပါတယ်.. ဒီလိုရှုပ်ထွေးလှတဲ့ အခြေအနေကို ဆန့်ကျင်ဖက် စိတ်သဘောရှိတဲ့ ချင်မင်နဲ့ ပေါ်ရာ ဘယ်လိုတွေပူးပေါင်းဖြေရှင်း ကာကွယ်မလဲဆိုတာ..